International News

ထိုင်းနိုင်ငံ၏ အမျိူးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီအနေဖြင့် မဟာဗျူဟာ များအား ပြန်လည်ပြင်ဆင်ရန်အမိန့်ပေးခဲ့

Last Updated:

အစိုးရစီမံကိန်းဌာန၊ အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီNational Economic and Social Development Council (NESDC) သည် အနှစ်(၂၀) အမျိုးသားမဟာဗျူဟာ(၂၀၁၈-၃၇)နှင့် (၁၂) ခုမြောက် အမျိုးသား စီးပွားရေးနှင့် လူမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၇-၂၀၂၁) တို့အား ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုနှင့် လတ်တလောဖြစ်ပွားနေသည့် Covid-19 ဗိုင်းရပ်စ်ကပ်ရောဂါတို့ကြောင့် စီးပွားရေးနှင့်လူမှုရေးပြောင်းလဲမှုများအပေါ် လိုက်လျောညီထွေ ရှိစေရေးအတွက် ပြန်လည်ပြင်ဆင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ဉက္ကဌအဖြစ်ဆောင်ရွက်သည့် အမျိုးသားမဟာဗျူဟာ ကော်မတီ၏ ယခင်အပတ်ကကျင်းပခဲ့သော နောက်ဆုံးအစည်းအဝေးတွင် NESDC အား အနှစ် (၂၀)မဟာဗျူဟာစီမံကိန်း၏ ပထမ(၅)နှစ်(၂၀၁၉-၂၀၂၃)အတွက် မဟာစီမံကိန်း Master Plan ကိုပြန်လည်ပြင်ဆင်ရန်အမိန့်ပေးခဲ့ပါသည်။

၂၀၁၈ ခုနှစ်အောက်တိုဘာလ(၁၃)ရက်နေ့တွင်စတင်အသက်ဝင်ခဲ့သော အမျိုးသားမဟာဗျူဟာတွင် မဟာစီမံကိန်း (Master Plan) (၂၃) ခုပါဝင်ခဲ့ပါသည်။ ၎င်းတွင် (၂၀၁၉-၂၀၂၃) ခုနှစ်အတွင်း အရေးပေါ်အကောင်အထည်ဖေါ် ဆောင်ရွက်ရမည့် စီမံကိန်း (၁၅) ခုရှိပါသည်။ အဆိုပါစီမံကိန်း (၁၅) ခုကို အုပ်စုများအဖြစ် ခွဲထား ပါသည်။ ၎င်းတို့မှာ ယှဉ်ပြိုင်စွမ်းအားတိုးတက်လာစေရန် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာပြန်လည်ဖွဲ့စည်းခြင်း၊ ထိုင်းများ၏ကျွမ်းကျင်မှုကို မြှင့်တင်ခြင်း၊ လူမှုရေးနှင့် စီးပွားရေးတိုးတက်မှုတို့အကြား မျှတမှုကို ဖေါ်ဆောင်သောစီမံကိန်းများ၊ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုဖေါ်ဆောင်မည့် အခြေခံအဆောက်အဉီစီမံကိန်းများ၊ ရေရှည် တိုးတက်မှု ကိုဖန်တီးနိုင်ရန် အတွက် ဝင်ငွေရရှိနိုင်သော စီမံကိန်းများတို့ဖြစ်ကြပါသည်။

ဖွံ့ဖြိုးတိုးတက်မှု၏ပထမ(၅)နှစ်(၂၀၁၉-၂၀၂၃)သည် အမျိုးသားမဟာဗျူဟာစီမံကိန်းအရသတ်မှတ်ထားသော လိုအပ်ချက်များအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ တစ်ဉီးချင်း   စုစုပေါင်းအမျိုးသားဝင်ငွေ Gross National Income per capital(GNI) အား တနှစ်ပျှမ်းမျှ ဘတ်ငွေ(၇၀,၀၀၀)တိုးစေရန် ရည်ရွယ်ထားပြီး ၂၀၂၃ ခုနှစ်တွင် ၂၀၁၉ခုနှစ် ရှိဘတ် (၂၉၀,၀၀၀) မှ နေ၍ ဘတ် (၃၆၀,၀၀၀) သို့ တိုးမြင့်နိုင်ရန်ရည်ရွယ်ထားပါသည်။

(၁၂) ခုမြောက် အမျိုးသားစီမံကိန်းတွင် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်မှုတို့အား (၃.၈%၊ ၄.၆% နှင့် ၅.၄%) ဖြင့် အသီးသီး ရရှိစေရန်ရည်မှန်းထားပါသည်။ အထေွထေွအတွင်းရေးမှူးချုပ် THosaporn Sirisamphand ကစက်တင်ဘာလ တွင်ပြန်လည်ပြင်ဆင်မည့်အစီအစဉ်ကို NESDC က အဆိုပြုတင်ပြရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် အနှစ်(၂၀)မဟာဗျူဟာစီမံကိန်း၏ရည်မှန်းချက်များကိုထိန်းသိမ်းထားပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများနှင့် နည်းစနစ်နှင့်နည်းလမ်းများကိုသာ ပြောင်းလဲသွားရန်ဖြစ်ကြောင်း Mr. Thosporn က ပြောကြားခဲ့ပါသည်။ NESDC ၏ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ် Danucha Pichayanan က အနှစ် (၂၀) မဟာဗျူဟာစီမံကိန်းတွင် ဆိုးရွားပြင်းထန်သော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ(Sars)နှင့် အရှေ့အလယ်ပိုင်းအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Mers) တို့ကဲ့သို့သော ရောဂါအသစ်အဆန်းများ၏   ဖြစ်နိုင်ချေသက်ရောက်မှုများကိုပါ ထည့်သွင်းစဉ်းစားထားခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

သို့ရာတွင် Covid-19 ၏    သက်ရောက်မှုမှာ ပိုမိုနက်ရှိုင်းပြီး ကြာရှည်နိုင်မည်ဟု   ခန့်မှန်းထားပြီး Sars နှင့် Mers တို့ထက်ပြဿနာများ ပိုမိုရှုပ်ထွေးများပြားနိုင် စေသည်ဟု ခန့်မှန်းထားပါသည်။ Covid-19 သည်ကမ္ဘာ့စီးပွားရေးနှေးကွေးနေစဉ်ပိုမို ထိခိုက်စေနိုင်မည်လည်းဖြစ်ပါသည်။ စီးပွားရေးပြန်လည်ထူထောင်ရေးမှာ အချိန်အနည်းငယ်ကြာနိုင်ပြီးအချို့သောစီးပွားရေးကဏ္ဍများ အနေဖြင့်  ယခင်ကကဲ့သို့ ပြန်လည်  ကောင်းမွန်ခိုင်မာလာစေရေးမှာ အခက်အခဲတွေ့နိုင်ကြောင်း၊ အထူးသဖြင့် မော်တော်ကား၊ လေကြောင်းနှင့် ခရီးသွားကဏ္ဍတို့ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News